အနာဂတ်မျှော်မှန်းချက် ရှင်းတမ်း

လူတစ်ဦးချင်းစီအတွက်
အပြုံးပန်းများပွင့်လန်းစေမည့်
အနာဂတ်နေထိုင်မှုပုံစံကို
ဖန်တီးပါ။

အနာဂတ်မျှော်မှန်းချက် ရှင်းတမ်းတွင် ဖော်ပြထား သော ဆန္ဒအမြင်

ကျွန်ုပ်တို့၏မူလစမှတ်သည် ဝယ်ယူသူ များနှင့် စတင်ခဲ့သည် ဆိုသော အချက်မှာ မပြောင်းလဲနိုင်သည်ပင် ဖြစ်ရာ ကျွန်ုပ်တို့သည် လူနေမှုပုံစံ ကို လုပ်ငန်းနယ်ပယ်အဖြစ် ထားရှိလျက် ဝယ်ယူသူများထံသို့ ကြွယ်ဝချမ်းသာမှုနှင့် ပျော်ရွှင်မှုများကို ဖန်တီးသယ်ဆောင်ပေးနိုင်ရန် ရည်ရွယ်ပါသည်။

ပြောင်းလဲသွားရမည့်အရာဟုဆိုရာတွင်ကျွန်ပ်တို့သည် မတူကွဲပြားသော ဝယ်ယူသူတိုင်း လူတစ်ဦးတစ်ယောက်တိုင်း၏ နှလုံးသားဆန္ဒကို ဖမ်းဆုပ်ရန် ပင်ဖြစ်သည်။ တည်ငြိမ်ခြင်းမရှိ ပြောင်းလဲရွေ့လျားလာမည့် အနာဂတ်နှင့် အလိုက်သင့် တုံ့ပြန်ပြောင်းလဲရုံသာမက ဝယ်ယူသူများ၏ အနာဂတ်ဘဝ နေထိုင်မှုပုံစံကိုပါ ဖန်တီးပံ့ပိုးပေးရန် ဖြစ်သည်။

ထို့အပြင် ဝယ်ယူသူများနှင့် ကျွန်ုပ်တို့အကြား ကူးစက်ပျံ့နှံ့လာသည့် အပြုံး မျက်နှာ များမှာ ရောင်စုံပန်းပွင့်များသဖွယ်ပင် ဖြစ်၍ အပြုံးပန်းများ ဟု တင်စားသမုတ်နိုင်ပေသည်။

ဒါက ကျွန်ုပ်တို့ AEON နှင့် MIRAI* တို့၏ ဇာတ်လမ်းလေးပါ။

ဒါက ကျွန်ုပ်တို့ AEON နှင့်
MIRAI* တို့၏ ဇာတ်လမ်းလေးပါ။

*MIRAI သည် ဂျပန်ဘာသာဖြင့် အနာဂတ်ကို ဆိုလိုသည်။

*MIRAI သည် ဂျပန်ဘာသာဖြင့်
အနာဂတ်ကို ဆိုလိုသည်။ကို ဆိုလိုသည်။

(ငါတို့တွေ ဘယ်ကို ဦးတည်ပြီး သွားနေကြတာပါလိမ့်?)
ထိုမေးခွန်းက ရုတ်တရက် AEON ရဲ့ အတွေးထဲ ဝင်လာခဲ့လေတယ်။
သတိထားလိုက်မိချိန်မှာတော့ ဘေးမှာ MIRAI ရောက်လို့နေလေပြီ။

(ငါတို့တွေ ဘယ်ကို ဦးတည်ပြီး သွားနေကြတာပါလိမ့်?)
ထိုမေးခွန်းက ရုတ်တရက် AEON ရဲ့ အတွေးထဲ ဝင်လာခဲ့လေတယ်။ သတိထားလိုက်မိချိန်မှာတော့ ဘေးမှာ MIRAI ရောက်လို့နေလေပြီ။

ရှေ့အနာဂတ်၊
လူနေမှုပုံစံနဲ့ လူ့အဖွဲ့အစည်းတွေမှာ
ဘာတွေများ ဖြစ်လာနိုင်မလဲနော်။

ပုံသေအနာဂတ်ဆိုတာ မရှိပါဘူး။

လို့ MIRAI က အပြုံးတစ်ပွင့်နဲ့ ပြန်ဖြေလာတယ်။

ဒီနေ့ခေတ်ကမ္ဘာကြီးမှာတော့ ရှေ့အနာဂတ်ကို ကြိုတင် ခန့်မှန်းလာနိုင်ကြတာ အမှန်ပါပဲ။

ဥပမာပြောရမယ်ဆိုရင် နည်းပညာက လူတွေကို ပို လွတ်လပ်စေတယ် ဒါပေမဲ့ လိုက်မမီနိုင်တဲ့သူတွေ လည်း အခုထိ ရှိနေသေးတာပါပဲ?

သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပြဿနာတွေက ပိုမိုဆိုးရွားလာနိုင် သလို၊ အဲ့ဒီအကြောင်းကို အရင်းတည်ပြီး ကမ္ဘာသူကမ္ဘာသားတွေ က တစ်စုတစ်စည်းတည်းလည်း ဖြစ်လာနိုင်တယ်။

ဒါပေမဲ့လည်း အနာဂတ်မှာ ဘယ်လိုဖြစ်လာမလဲဆိုတာကို လုံး ဝ မခန့်မှန်းဘူးဆိုတာမျိုးလည်း မဟုတ်သေးဘူး။

ဒီလို လူနေမှုပုံစံနဲ့ လူ့အဖွဲ့အစည်းကို အမှန်တကယ် ဖြစ်လာစေချင်တယ် ဆိုတဲ့ ဆန္ဒလေးကပဲ အနာဂတ်ရဲ့ တစ်စိတ်တစ်ပိုင်း ဖြစ်လာနိုင်တယ်လေ။

MIRAI က အဝေးတစ်နေရာကို လက်ညှိုးညွှန်ပြပြီး ပြောလိုက်တယ်။

ဟေး! ခေါင်းမော့ပြီး ကြည့်လိုက်ပါဦး။
ကြိုတင်ခန့်မှန်းနိုင်လောက်တဲ့အနာဂတ်မဟုတ်ဘဲ ဟိုးအဝေးတစ်နေရာက အနာဂတ်ထိတိုင်အောင် ဘယ်လို ရှုခင်းမျိုးကို မြင်ရလဲ?

ဘာမှ မမြင်ရဘူးလေ။
ဒါပေမဲ့ အသစ်စက်စက်ကမ္ဘာကြီးတော့ ရှိနေမှာပါပဲ။

ဒါဆိုလည်း စိတ်ကူးယဥ်ကြည့်ပါဦး။
မင်းတို့တွေ မြင်ချင်တဲ့ ရှုခင်းကိုလေ
စိတ်ထဲမှာ ပုံဖော်ကြည့်လိုက်စမ်းပါ။

AEON ဟာ ဖြူဖွေးနေတဲ့ ပိတ်ကားချပ်တစ်ခုကို မျှော်ကြည့်သလိုမျိုး
နောက်တစ်ခါထပ်ပြီး ဟိုးအဝေးတစ်နေရာကို ကြည့်လိုက်မိတယ်။

အာ့!

အပြုံး! အပြုံးတွေကို မြင်နေရတယ်!

မြင်ဖူးသမျှထဲမှာ အလှဆုံးအပြုံးမျက်နှာတွေပဲ။

အဆုံးမရှိတဲ့ ပန်းခင်းကျယ်ကြီးလိုပါပဲလား။

ကြည့်ပါဦး.. ဝယ်ယူသူတွေနဲ့ ငါတို့တွေ အတူတူ ရယ်မောနေကြတာလေ။!

ကြည့်ပါဦး.. ဝယ်ယူသူတွေနဲ့
ငါတို့တွေ အတူတူ ရယ်မောနေကြတာလေ။!

ကြိုတင်မှန်းဆလို့ မရပေမယ့် စိတ်ကူးကြည့်လို့တော့ ရပါတယ်။
စိတ်ကူးကြည့်ရာကနေ တီထွင်ဖန်တီးလို့ပါ ရနိုင်သေးတယ်။

ဟုတ်တယ်၊ မြင်ရပြီ။
ငါတို့တွေ တကယ် မြင်ချင်နေခဲ့တဲ့ ရှုခင်းလေးပဲ။

တောက်ပနေတဲ့ မျက်ဝန်းတွေနဲ့ AEON က ပြန်ဖြေလိုက်တယ်။

လူတစ်ဦးချင်းစီအတွက်
အပြုံးပန်းများပွင့်လန်းစေမည့်
အနာဂတ်နေထိုင်မှုပုံစံကို
ဖန်တီးပါ။

ရင်ဘတ်ထဲမှာ
ရောင်စုံအပြုံးပန်းတွေ ပွင့်လန်းနေသရွေ့
မင်းလုပ်နိုင်မှာ အသေအချာပါပဲ။

အနာဂတ်မျှော်မှန်းချက်၏ ရပ်တည်ချက်နှင့် ဖွဲ့စည်းပုံ

အနာဂတ်မျှော်မှန်းချက်၏ ရပ်တည်ချက်နှင့် ဖွဲ့စည်းပုံ

မျှော်မှန်းချက်သည် အနာဂတ်၏ လမ်းညွှန်ချက်

ဤဇာတ်လမ်းသည် ကျွန်ုပ်တို့ရည်မှန်းထားသော အနာဂတ်ဆီသို့ အစပြု ရာ မျဉ်းပင် ဖြစ်သည်။ သင်ရော ဘယ်လိုရှုခင်းမျိုးကို စိတ်ကူးယဉ်ရေးဆွဲ ခဲ့ပါသလဲ။

ယခုမှ စတင်၍ မိတ်ဆက်ပေးသွားမည့် AEON အုပ်စု၏ အနာဂတ် မျှော်မှန်းချက် ကို AEON ရဲ့အခြေခံသဘောထား နှင့်အညီ ရေးဆွဲထားခြင်း ဖြစ်သည်။ ကုမ္ပဏီအုပ်စုတစ်စုစီနှင့် AEON People များ၏ ဆန္ဒ၊ အတွေးအမြင်၊ ခွန်အားတို့ကို ပေါင်းစပ်၍ အနာဂတ်အား ဦးတည်ရင်ဆိုင် နိုင်ရန်ဟူသော လမ်းညွှန်ချက်ပင် ဖြစ်သည်။

ဤမျှော်မှန်းချက်တွင် AEON အုပ်စုမှ အကောင်အထည်ဖော်လိုသော အနာဂတ်၊ ထိုသို့အကောင်အထည်ဖော်နိုင်ရန် ရည်ရွယ်ချက်ဖြင့် AEON အုပ်စု၏ ဆန္ဒ၊ AEON People များအကြား မျှဝေထားသည့် တန်ဖိုးထားရာ သဘောထားနှင့် အဓိဋ္ဌာန် ဟူ၍ အချက်သုံးချက် ပါဝင် ပေသည်။

ထိုမျှော်မှန်းချက်တစ်ခုလုံးကို အတိုချုပ်အားဖြင့် ဖော်ပြပါဆိုလျှင် အနာဂတ်မျှော်မှန်းချက် ရှင်းတမ်း ဟု ဆိုနိုင်ပါသည်။

အနာဂတ်မျှော်မှန်းချက် ရှင်းတမ်း

လူတစ်ဦးချင်းစီအတွက်
အပြုံးပန်းများ ပွင့်လန်းစေမည့်
အနာဂတ်လူနေမှုပုံစံကို
ဖန်တီးပါ။

AEON အုပ်စုမှ
အကောင်အထည်ဖော်လိုသော
အနာဂတ်

ဝယ်ယူသူများမှ ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်း
နှင့် ကိုယ်ပိုင်ပျော်ရွှင်မှု ကို ခံစားလာနိုင်ပြီး စိတ်
ချမ်းမြေ့စွာ ပြုံးရယ်လာနိုင်မည့် အနာဂတ်

AEON အုပ်စု၏ ဆန္ဒ

လူနေမှုပုံစံများ ပေါင်းစပ်ဖန်တီးမှုကို ဦးဆောင်လျက် လူ
တစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ပိုမို
ကြွယ်ဝစေအောင် ပြုလုပ်မည့် အုပ်စု

တန်ဖိုးထားရာ
သဘောထားနှင့် အဓိဋ္ဌာန်

~သဘောထား (၃) ချက်~
စိတ်ကူးအမြင်ကို အခြေခံ၍ ဆန္ဒအလျောက်
ဆောင်ရွက်ခြင်း လေ့လာသင်ယူမှုကို အဆက်မပြတ်စေ
ဘဲ အသစ်အသစ်သော တန်ဖိုးများကို ဖန်တီးခြင်း
ချိတ်ဆက်မှုကို တည်ဆောက်ရင်း ပြုစုပျိုးထောင်
လျက် ပူးပေါင်းဖန်တီးခြင်း
~အဓိဋ္ဌာန် (၁) ချက်~
စိတ်ရင်းမှန်နှင့် ရိုးသားခြင်း

AEON အုပ်စုမှ အကောင်အထည်ဖော်လိုသော အနာဂတ်

AEON အုပ်စုမှ အကောင်အထည်ဖော်လိုသော အနာဂတ်

ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းနှင့် ကိုယ်ပိုင်ပျော်ရွှင်မှု ကို ခံစားလာနိုင်ပြီး စိတ်ချမ်းမြေ့စွာ ပြုံးရယ်လာနိုင်မည့် အနာဂတ်

ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်းနှင့် ကိုယ်ပိုင်ပျော်ရွှင်မှု ကို ခံစားလာနိုင်ပြီး စိတ်ချမ်းမြေ့စွာ ပြုံးရယ်လာနိုင်မည့် အနာဂတ်

ပြောင်းလဲမှု အရှိန်အဟုန်မြင့်လာသည်နှင့်အမျှ မထင်မှတ်ထားသည့် ကိစ္စရပ်များလည်း ပေါ်ပေါက်နိုင်ကာ အနာဂတ်သည် ပို၍ ပို၍ ခန့်မှန်းရန် ခက်ခဲလာပါသည်။ အံ့ဩစရာ ကောင်းသော တွေ့ဆုံမှုများနှင့် ဝမ်းသာဖွယ်အဖြစ်အပျက်များလည်း ရှိသည့်တိုင် တစ်ဖက်မှာလည်း ရှုပ်ထွေးလေးနက်သော စိန်ခေါ်မှုများလည်း များပြားလာနိုင်ပါသည်။

နည်းပညာတိုးတက်မှုများကြောင့် လူသားတို့၏ လုပ်နိုင်စွမ်းများသည်လည်း မြင့်မား တိုးတက်လာပါသည်။ ထို့အတူ ဝယ်ယူသူများသည် ပင်ကိုအရည်အသွေး၊ စာနာ နားလည်မှု၊ ယုံကြည်စိတ်ချရမှုများကဲ့သို့သော စိတ်ပိုင်းဆိုင်ရာ ကျေနပ်မှုများကို ပိုမို ရှာဖွေလာကြပါလိမ့်မည်။

ကျွန်ုပ်တို့သည် ဝယ်ယူသူများ၏ အမြင်ကို အခြေခံ၍ AEON အဖွဲ့အစည်းမှ လက်တွေ့ အကောင်အထည်ဖော်လိုသော အနာဂတ် ကို ပုံဖော်ရေးဆွဲလျက်ရှိပါသည်။

ပိုမိုကောင်းမွန်သော လူ့အဖွဲ့အစည်း ကို လက်တွေ့ခံစားသိရှိနိုင်သော အနာဂတ်

လူနေမှုဘဝတွင် ပိုမိုအဆင်ပြေ သက်သောင့်သက်သာရှိလာကာ စိတ်လှုပ်ရှားဖွယ် အတွေ့အကြုံအသစ်များတိုးပွားလာမည့်အနာဂတ်နှင့်အတူလူနေမှုဖွံ့ဖြိုးတိုးတက်မှုကြောင့် ဖြစ်ပေါ်လာသော သဘာဝပတ်ဝန်းကျင် ဆိုင်ရာပြဿနာများနှင့် အဆင့်အတန်းကွာဟချက် ကဲ့သို့သော အပျက်သဘောဆောင်သည့် စိုးရိမ်ပူပန်မှုများကို ဖြေရှင်းခြင်းဖြင့် ကျွန်ုပ် တို့၏ဝယ်ယူသူများအတွက် ပိုမိုတောက်ပ၊ ကောင်းမွန်သော လူ့အဖွဲ့အစည်းကို ခံစားစေနိုင် သည့် အနာဂတ်ကို အကောင်အထည်ဖော်လိုပါသည်။

ကိုယ်ပိုင်ပျော်ရွှင်မှု ကို ခံစားနိုင်သော အနာဂတ်

ဝယ်ယူသူများသည် မိမိတို့၏ကိုယ်ပိုင် လုပ်နိုင်စွမ်းများကို နားလည်သဘောပေါက်ပြီး မိမိ ကိုယ်ကိုယ် တိုးတက်မှုရရှိစေရေး လုပ်ဆောင်နိုင်စေရန်၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ဂုဏ် ကျက်သရေကို ထုတ်ဖော်ပြသနိုင်စေရန်၊ အချင်းချင်း စာနာနားလည်မှု၊ ယုံကြည်မှု ပေးနိုင် သော လုပ်ဖော်ကိုင်ဖက်များရှိပြီး ၎င်းတို့မှတဆင့် လူတစ်ဦးချင်းစီက မိမိကိုယ်ပိုင်ပျော်ရွှင်မှု ကို ခံစားနိုင်သော အနာဂတ်ကို အကောင်အထည်ဖော်လိုပါသည်။

စိတ်ချမ်းမြေ့စွာ ပြုံးရယ်လာနိုင်မည့် အနာဂတ်

လူ့အဖွဲ့အစည်း၏ ဖွံ့ဖြိုးတိုးတက်မှုနှင့် လူတစ်ဦးချင်းစီ၏ ပျော်ရွှင်မှုသည် တစ်ခါတစ်ရံတွင် ဆန့်ကျင်ဘက် အရာဖြစ်နေတတ်ပါသည်။ ဤအရာများကို ဟန်ချက်ညီအောင် ထိန်းညှိပေး ခြင်းသည် ကျွန်ုပ်တို့၏ ဝယ်ယူသူများကို ပြီးပြည့်စုံသော ဘဝနေထိုင်မှုနှင့် ၎င်း တို့၏မျက်နှာများတွင် အပြုံးပန်းများ‌ဝေစေမည် ဖြစ်သည်။ ထိုသို့ အပြုံးပန်းများ အဆုံးမ သတ်နိုင်သည့် အနာဂတ်ကို အကောင်အထည်ဖော်ချင်ပါသည်။

AEON အုပ်စု၏ ဆန္ဒ

လူနေမှုပုံစံများ ပေါင်းစပ်ဖန်တီးမှုကို ဦးဆောင်လျက် လူ တစ်ဦးချင်းစီနှင့် လူ့အဖွဲ့အစည်းတစ်ခုလုံးကိုပါ ပိုမိုကြွယ်ဝ စေအောင် ပြုလုပ်မည့် အုပ်စု

ကျွန်ုပ်တို့သည် ဝယ်ယူသူများ၊ မျှော်မှန်းချက်တူသော လုပ်ဖော်ကိုင်ဖက်များနှင့်အတူ အပြုံးများ ဖြန့်ကျက်နေသော အနာဂတ်လူနေမှုပုံစံကို ဖန်တီးပေးသော အဖွဲ့အစည်း ဖြစ်လိုပါသည်။

ကျွန်ုပ်တို့၏ကိုယ်ပိုင်ဆန်းသစ်တီထွင်မှုနှင့် ပူးပေါင်းဖန်တီးမှု ဦးဆောင်မှုမှတဆင့် လူ တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်း နှစ်ခုလုံးကို ကြွယ်ဝစေပြီး၊ ကြီးပွားတိုးတက်စေမည့် အုပ်စု ဖြစ်လိုပါသည်။

ကျွန်ုပ်တို့၏ ထုတ်ကုန်များနှင့် ဝန်ဆောင်မှုများကို ပြောင်းလဲတိုးတက်အောင် ဆောင်ရွက်ပြီး ချိတ်ဆက်၊ ဆက်နွယ်မှု ဆိုသော သော့ချက်စကားလုံးဖြင့် အောက် ပါ အခန်းကဏ္ဍများကို အောင်မြင်စေရန် ဆောင်ရွက်ကာ မကြုံစဖူးသော အရည်အသွေးများဖြင့် ဝန်ဆောင်မှုပေးသွားမှာ ဖြစ်ပါသည်။

ချိတ်ဆက်မှု

လူတစ်ဦးချင်းစီနှင့်
နက်ရှိုင်းစွာ ဆက်သွယ်မှု

လူတစ်ဦးနှင့်
လူ့အဖွဲ့အစည်းအကြား ချိတ်ဆက်မှု

လူတစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မှု

ချိတ်ဆက်မှုများကို
ကျယ်ပြန့်စေခြင်း

အခန်းကဏ္ဍလေးခုကို ပြီးမြောက်အောင်မြင်အောင် ဆောင်ရွက်ကာ အသစ်သစ်သော အရည်အသွေးများကို ဝန်ဆောင်မှုပေးခြင်းသည် ကျွန်ုပ်တို့၏ စိန်ခေါ်မှုများပင် ဖြစ်ပါသည်။

လူတစ်ဦးချင်းစီနှင့် နက်ရှိုင်းစွာ ဆက်သွယ်မှု

ထုတ်ကုန်နှင့် ဝန်ဆောင်မှုများ ပေးဆောင်ခြင်း မပြုမီနှင့် ပေးဆောင်ခြင်း ပြုပြီးနောက်တွင် လည်း ဝယ်ယူသူများနှင့် ဆက်သွယ်မှုရှိပြီး၊ လေးနက်သောဆက်ဆံရေးကို ထိန်းသိမ်းခြင်းဖြင့် တစ်ဦးချင်းစီ၏ နေထိုင်မှုဘဝများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ကာ ဝယ်ယူသူ၏ ခံစားချက်နှင့် ခံယူချက်များကို နားလည်အောင် ပြုလုပ်ပါမည်။ ဝယ်ယူသူများက မိမိ၏ ကိုယ်ပိုင်စွမ်းရည်ကို သိရှိပြီး ကိုယ်ပိုင်အရည်အသွေးကို ထုတ်ဖော်ပြသနိုင်ရန်နှင့် မိမိ၏ ကိုယ်ပိုင်နေ့ရက်များကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ရန် အစရှိသည့် ကျွန်ုပ်တို့၏ဝယ်ယူသူများ အလိုရှိသော တန်ဖိုးများကို ဝန်ဆောင်မှုပေးပါမည်။

လူတစ်ဦးနှင့်တစ်ဦး ချိတ်ဆက်မှု

တစ်ဦးချင်းစီ၏ တန်ဖိုးအမြင်နှင့် ဝါသနာအပေါ် အခြေခံ၍ ဝယ်ယူသူအချင်းချင်းကို ချိတ်ဆက်ပေးမည် ဖြစ်သည်။ ခေတ်ကွာခြားခြင်းနှင့် အကွာအဝေး၊ နယ်နိမိတ်စသည့် အတားအဆီးများကို ကျော်လွန်၍ နေထိုင်မှုပုံစံကို ပြောင်းလဲစေပြီး၊ စာနာနားလည်ကာ ယုံကြည်ပေးနိုင်သော အခြားသူများနှင့် ဝမ်းသာပျော်ရွှင်မှုများကို အချင်းချင်း မျှဝေပေးနိုင် သော အခွင့်အလမ်း၊ အချိန်၊ နေရာကို ဝန်ဆောင်မှုပေးပါမည်။

လူတစ်ဦးနှင့် လူ့အဖွဲ့အစည်းအကြား ချိတ်ဆက်မှု

မိမိပတ်ဝန်းကျင်ရှိသူများနှင့် အခြားသူများအတွက် အသုံးဝင်မှုရှိစေရန် ဝယ်ယူသူများ၏ စိတ် ချမ်းသာမှု ပေါက်ဖွားလာစေရန် တစ်ဦးချင်းနှင့် လူ့အဖွဲ့အစည်းကို ဆက်နွယ်ပေါင်းစည်းပေး မည် ဖြစ်ပါသည်။ မိမိတို့၏ ကိုယ်ပိုင်အရည်အသွေးနှင့် စွမ်းရည်များကို ပိုမိုကောင်းမွန်စွာ ဖော်ဆောင်နိုင်ပြီး လူ့အဖွဲ့အစည်း၏ တစ်စိတ်တစ်ပိုင်းဖြစ်ရခြင်း၏ ပျော်ရွှင်မှုများကို ခံစားနိုင် သော အခွင့်အလမ်းနှင့် နည်းလမ်းများကို ဝန်ဆောင်မှုပေးပါမည်။

ချိတ်ဆက်မှုများကို ကျယ်ပြန့်စေခြင်း

မိမိတို့နှင့် ပက်သက်နေသော ဝယ်ယူသူများ၏ အနီးပတ်ဝန်းကျင်မှသည် မှသည် ဒေသ နှင့် ကမ္ဘာကြီး အထိ ဆက်သွယ်မှုအဝန်းအဝိုင်းကို ချဲ့ထွင်ပြီး ၎င်းတို့၏ နေ့စဉ်ဘဝများသာ မက လူ့အဖွဲ့အစည်းတစ်ခုလုံး၏ တိုးတက်ကြွယ်ဝမှုကို နောင်တစ်ချိန်တွင်လည်း ပြန်လည် အမှတ်ရနိုင်စေရန် ကြိုးစားပါမည်။ ထို့အပြင် ပျော်ရွှင်မှုများနှင့် ပြည့်နှက်၍ ပိုမို ကောင်းမွန်သော လူ့အဖွဲ့အစည်းနှင့် နေထိုင်မှုပုံစံဖြစ်လာစေရန် ဝယ်ယူသူများနှင့်အတူ ဖန်တီးပြုလုပ်သွားပါမည်။

တန်ဖိုးထားရာ သဘောထားနှင့် အဓိဋ္ဌာန်

တန်ဖိုးထားရာ သဘောထားနှင့် အဓိဋ္ဌာန်

အကောင်အထည်ဖော်နိုင်ရန် ကျွန်ုပ်တို့သည် အောက်ပါသဘောထား (၃) ချက်နှင့် အဓိဋ္ဌာန် (၁) ချက်ကို မျှဝေ၍ အပြုံးပန်းများဖြင့် ပွင့်လန်းသော အနာဂတ်နေထိုင်မှုပုံစံကို ဖန်တီးပြုလုပ်သွားပါမည်။

သဘောထား (၃) ချက်

စိတ်ကူးအမြင်ကို အခြေခံ၍ ဆန္ဒအလျောက် ဆောင်ရွက်ခြင်း

ဝယ်ယူသူတစ်ဦးချင်းစီတွင် ကိုယ်ပိုင်စိတ်ကူးဆန္ဒများ ရှိကြပါသည်။ ၎င်းတို့ကို နားလည် အောင် ပြုလုပ်ကာ ဝယ်ယူသူများ၏ အမြင်ကို အခြေခံ၍ တက်ကြွစွာ လုပ်ဆောင်သွားပါ မည်။ အများအကျိုးအတွက် ကိုယ်တိုင်ဆန္ဒအလျောက် ဆောင်ရွက်ခြင်းမှ ထွက်ပေါ်လာသော ဆွေးနွေးညှိနှိုင်းခြင်းနှင့် ပူးပေါင်း ဆောင်ရွက်ခြင်းစွမ်းရည်များကို ဆန်းသစ်တီထွင်မှုများ အတွက် အသုံးချသွားမည် ဖြစ်ပါသည်။

လေ့လာသင်ယူမှုကို အဆက်မပြတ်စေဘဲ အသစ်အသစ်သော တန်ဖိုးများကို ဖန်တီးခြင်း

စဉ်ဆက်မပျက်လေ့လာမှုဖြင့် လုပ်ဆောင်နိုင်စွမ်းများကို မြင့်မားလာစေပါသည်။ လက်တွေ့ အသုံးချခြင်းမှတဆင့် အသိပညာကိုပွင့်လင်းစေပြီး မိမိ၏ ကိုယ်ပိုင်ကျွမ်းကျင်မှုကို တိုးတက် စေခြင်းဖြင့် ကောင်းမွန်သော အရည်အသွေးသစ်များကို စဉ်ဆက်မပြတ် ဖန်တီးပြုလုပ်သွား ပါမည်။

ချိတ်ဆက်မှုကို တည်ဆောက်ရင်း ပြုစုပျိုးထောင်လျက် ပူးပေါင်းဖန်တီးခြင်း

လုပ်ငန်း၊ အသင်း နှင့် အဖွဲ့အစည်းဆိုသော အတားအဆီးများကို ကျော်လွန်၍ မတူကွဲပြား သော ဆက်ဆံရေးများကို တည်ဆောက်၊ ထိန်းသိမ်းသွားပါမည်။ အပြန်အလှန်ဆက်ဆံရေး များမှတဆင့် သင်ယူမှုနှင့် ဖန်တီးမှုရပ်ဝန်းကို အရှိန်မြှင့်စေကာ အနာဂတ်လူနေမှုပုံစံကို ပူးပေါင်းဖန်တီးသွားပါမည်။

အဓိဋ္ဌာန် (၁) ချက်

စိတ်ရင်းမှန်နှင့် ရိုးသားခြင်း

စိတ်ရင်းမှန်နှင့် ရိုးသားမှုများရှိလို့သာလျှင် မိမိ၏ လုပ်ဆောင်မှုများမှတဆင့် ယုံကြည်မှုများ ရရှိကာ ကျွန်ုပ်တို့၏ စိတ်ကူးဆန္ဒများကိုလည်း စာနာနားလည်ပေးကြမည် ဖြစ်သည်။ ဝယ်ယူ သူများ၊ လုပ်ဖော်ကိုင်ဖက်များနှင့် အချင်းချင်း အပြန်အလှန်နားလည်မှုများက ပူးပေါင်းဖန်တီး မှု၏ စမှတ်ဖြစ်သည်။ ကျွန်ုပ်တို့သည် ရှေ့လျှောက်တွင် ရိုးသားပြီး စိတ်ရင်းမှန်ဖြင့် ဆက်လက်ရပ်တည်သွားရန် အဓိဋ္ဌာန်ပြုပါသည်။

ရောင်စုံအပြုံးများနှင့် ပြည့်လျှံနေမည့် အနာဂတ်ရှုခင်းကို
စိတ်ကူးကြည့်ကြရအောင်၊ ဖန်တီးကြရအောင်။